ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေး အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေး အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ






MNP - မေ  ၁၆


ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့်လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃နာရီက မန္တလေး၊ ချမ်းအေးသားစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်  ဦးမောင်ကိုမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့မှ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီနှင့် New Starlight Group of Companies၊ ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခြင်းကာဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရသူများကိုယ်စား အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)