ကျောင်းကုန်းမြို့၌ အလယ်တန်းဆင့် Grade 8 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ အလယ်တန်းဆင့် Grade 8 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP - မေ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌အခြေခံပညာ အလယ်တန်းဆင့် Grade 8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်ပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က စနစ်သစ်သင်တန်းဖြစ်တဲ့အတွက် ကြိုးစားလေ့လာ သင်ယူကြဖို့လိုကြောင်း၊ ပညာရေးဟာ ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် ပြန်လည်သင်ကြားဖို့အတွက် လိုက်လံမှတ်သား ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းကြီးကြပ် လက်ထောက်ပညာရေးမှူး ဦးဇော်မင်းထွေးက ပထမညွှန်ကြားချက်မှာ Online သင်တန်းဖြင့် ပို့ချပေးမည်ဟု သတ်မှတ်ထားသော်လည်း ပိုမို၍ ထိရောက်စွာ သင်ကြားနိုင်ရန် ယခုလို ပြင်ဆင်ပို့ချခြင်း ဖြစ်ကြောင်းနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်း၊ သင်တန်း စည်းမျဉ်း စည်းကမ်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အလယ်တန်းဆင့် Grade 8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ မြန်မာစာဘာသာတွင် (၇၀)ဦး၊ အင်္ဂလိပ်စာဘာသာတွင် (၈၂)ဦး၊ သင်္ချာဘာသာတွင် (၈၀)ဦး၊ သိပ္ပံဘာသာတွင် (၆၀)ဦး၊ ပထဝီဘာသာတွင် (၅၀)ဦး၊ သမိုင်းဘာသာတွင် (၆၀)ဦးနှင့် ကာယတွင် (၃၀)ဦး၊ စုစုပေါင်း (၄၃၂)ဦးတို့အား နည်းပြဆရာ (၃၀)ဦးဖြင့် အခန်း (၁၅)ခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။


အခမ်းအနားသို့ ပုသိမ်ခရိုင်ပညာရေးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဇာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)