MNP - မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-8(သင်ရိုးသစ်)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက စတင်ပို့ချ လျက်ရှိကြောင်း သိရသည်။
အဆိုပါ Grade-8(သင်ရိုးသစ်) အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေး၊ သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ online စနစ်ဖြင့် သင်ကြားခဲ့သော ဆရာ၊ ဆရာမ (၅၆)ဦးတို့က ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၆၄၆)ဦးတို့အား မေလ(၁၆) ရက်နေ့မှ(၁၈)ရက်နေ့ထိ (၃)ရက်ကြာ ပြန်လည်ဆွေးနွေး ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နီနီဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment