တံတားဦးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 (သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 (သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်




MNP - မေ   ၁၆


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်Grade-8(သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည် ။


သင်တန်းဖွင့်ပွဲတွင် နိုင်ငံတကာစံချိန်မီ မြန်မာနိုင်ငံနဲ့ကိုက်ညီသည့် သင်ရိုးကိုရေးဆွဲပြီးဖြစ်ကြောင်း ၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အဓိကသည် ပညာရေးဖြစ်ပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးဖြစ်မှသာလျှင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ကိုက်ညီသော ပညာရေးဖြစ်မှသာလျှင် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မွန်၏ထံမှ သိရသည် ။


တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်းစုစုပေါင်း (၁၃၀)ရှိပြီး သင်တန်းတက်ရောက်သူ ဆရာ ၊ ဆရာမပေါင်း (၂၄၉)ဦးအား စာသင်ခန်း(၇)ခန်းဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)ရက် ကြာမြင့်မည့်ဖြစ်ရာ သင်တန်းကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည် ။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)