ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ



MNP - မေ   ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊   အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမ၌ ယနေ့ နံနက်  ၉  နာရီ က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ကိုဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်သန့်တို့က အဖွင့်အမှာ စကားပြောကြားပြီး  ‌မြို့နယ်ပညာရေးမှူး  ဒေါ်အေးမြင့်က ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းနေရေး လုပ်ငန်းအစီအစဉ်နှင့် ပက်သက်၍  ဆောင်ရွက်ပြီးစီးမှု အခြေအနေများကျောင်းများ ကျောင်းအပ်လက်ခံနေမှု့နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဇင်သန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်၊ အ ထ က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသစ်၊ အထက (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးနှင့် ကျောင်းအကျိုးတော်ဆောင်များက ကျောင်းသား / ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)