NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသုံးပြုရန်အတွက် ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်သည့် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသုံးပြုရန်အတွက် ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်သည့် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်


MNP ၊ မေ ၃၀

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သော ပညာ ရည်မြင့်မားရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် ကျောင်းသား၊ ကျောင်း သူများ၏ စာသင်နှစ် နစ်နာမှုများဖြစ်ပေါ်လာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ခဲ့ပြီး ရောဂါထိန်းချုပ်နိုင်သည်နှင့်တစ်ပြိုင်နက် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း  NLD အစွန်းရောက် NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက် အယူဝါဒများကို လက်ကိုင်ထား၍ ကျောင်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေး ကြသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အဦများ၊ စာရွက်စာတမ်းများ၊ ပညာရေးအထောက် အကူ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက် ခွဲဖျက်ဆီးခြင်းများကို နေရာတစ်ချို့၌ ကျူးလွန်လုပ် ဆောင်လျက်ရှိကြသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် အသုံးပြုရန်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပါဝင်သော ပီနံအိတ် ၄၁ အိတ်နှင့် စက္ကူဂျပ်ဖာ ၄၁ ဖာတို့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ပညာရေးမှူးရုံးမှ ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်ရန် မော်လိုက်-ဖောင်းပြင် ကုန်တင်ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါရေယာဉ်သည် မွန်းလွဲ ၂ နာရီခန့်တွင် မော်လိုက်မြို့နယ်၊ ယုဝကျေးရွာအနီးသို့ အရောက်၌ လက်နက်ငယ်များ ကိုင် ဆောင်ထားသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ရေယာဉ်အား တားဆီးကာ ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်၍ ရေယာဉ်အား ဆက်လက် ထွက်ခွာစေခိုင်းခဲ့ကြောင်း သိရှိရသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် ကျောင်းသုံးဗလာစာအုပ် များနှင့် ပုံနှိပ်စာအုပ်များသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် ပေးပို့သည့် စာအုပ်များဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၀၀၀ (၁၂၀၀၀ အုပ်)၊ Grade-11 သင်ရိုးအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပုံနှိပ်စာအုပ် ၂၅၀၀ အုပ်၊ ရူပဗေဒပုံနှိပ် စာအုပ် ၁၁၀၀ အုပ်နှင့် ရူပဗေဒလက်တွေ့ပုံနှိပ်စာအုပ် ၁၁၀၀ အုပ်၊ စုစုပေါင်း ပုံနှိပ်စာအုပ် ၄၇၀၀ အုပ် ပါဝင်ကြောင်း သိရှိရသည်။


အလားတူ မေ ၂၄ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ ထားဝယ် - မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်၌ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်း များသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၂ စီး အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက တားဆီးရပ်တန့်၍  ကျောင်းသုံးပုံနှိပ်စာအုပ်များ ထည့်ထားသည့် ဆာလာအိတ် ၁၅၉၇ ထုပ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်ကို ကားလမ်းဘေးသို့ချ၍ မီးရှို့ဖျက်ဆီး ခဲ့ကြသည်။


ထို့အတူ မေလ ၁၁ ရက်နေ့ ည ၁၀ နာရီတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာရှိ တုန်းပေါအခြေခံပညာအလယ်တန်းကျောင်းသို့ NLD အစွန်းရောက် PDF အကြမ်း ဖက်သမား ၃ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ ၂ ထပ် စာသင်ကျောင်း ဆောင်ရှိ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် စာသင်ခန်းတစ်ခန်းအတွင်းမှ ပစ္စည်းများအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်ကို ဟန့်တား၍ အနှောင့်အယှက် ဖြစ်စေရန် ကျောင်းသုံးစာအုပ်များကို လုယက်ယူဆောင်သွားသည့် NLD အစွန်းရောက် PDF အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)