ပေါင်မြို့နယ် သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရန် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်








MNP ၊ မေ ၃

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၏ဦးဆောင်မှုဖြင့် မြို့နယ်သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရန်စုပေါင်းသန့်ရှင်းရေးကိုယနေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီအသင်းများ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ရပ်မိရပ်ဖများက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးအတွင်းအပြင်သန့်ရှင်းရေးများပြုလုပ်ခြင်း၊ဗုဒ္ဓရုပ်ပွားတော်အားရောင်တော်ဖွင့်ခြင်း၊သံဃာတော်များနားနေရန်အခန်းများအားသန့်ရှင်းသပ်ရပ်မှုရှိစေရန် ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြသည်။


အစိုးရ ပါဠိပထမပြန်စာမေးပွဲကို လာမည့်မေလ(၇)ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိပေါင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)