ရခိုင်ပြည်နယ် ­မောင်တောခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၃၁၂) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ­မောင်တောခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၃၁၂) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့

 


MNP - မေ   ၃၀


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပထမ သုံးလပတ်အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ အိမ်တိုင်လာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင်  ခရိုင်လူမှုဝန်ထမ်းရုံးမှ  ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ပထမ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက်၏ မောင်တောမြို့နယ်ရှိ အသက် ၈၅ နှစ်အထက် အဘိုး (၅၅) ဦး၊ အဘွား (၉၇)ဦး စုစုပေါင်း (၁၅၂)  ဦး နှင့် ဘူးသီးတောင်မြို့နယ်ရှိ  အသက် ၈၅ နှစ်အထက် အဘိုး(၆၆)ဦး၊ အဘွား (၉၄)ဦး စုစုပေါင်း (၁၆၀) ဦး၊ မောင်တောခရိုင်အတွင်း ဘိုးဘွားဦးရေ (၃၁၂)ဦးရှိရာ ဘိုးဘွားတစ်ဦး တစ်လလျှင် တစ်သောင်းနှုန်း ဖြင့် သုံးလအတွက်  ငွေကျပ်သုံးသောင်းကို အိမ်တိုင်လာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ် ခဲ့ကြပြီး ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သွားရောက်ပေးအပ်သွားမည်ဖြစ်သည်။ ယခု ပေးအပ်သော လူမှုရေးပင်စင်များ မှာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက်  ဘိုးဘွား(၃၁၂)ဦး ဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၉၃၆၀၀၀၀) ကျပ်အား  အိမ်တိုင်လာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ခရိုင်လူမှု ဝန်ထမ်းရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)