မောင်တောမြို့နယ် (၆)မိုင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မောင်းနှင်းလာသူတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့နယ် (၆)မိုင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မောင်းနှင်းလာသူတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ


MNP ၊ မေ ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်   မောင်တော-ဘူးသီးတောင် သွားကားလမ်းမပေါ်ရှိ  (၆)မိုင် စစ်ဆေးရေး ဂိတ် တွင်  မေ ၃၀ ရက်နေ့ ၁၂ နာရီ အချိန်ခန့်က ဆိုင်ကယ်မောင်းနှင်းလာသူ တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်   မောင်တော-ဘူးသီးတောင် သွားကားလမ်းမပေါ်ရှိ  (၆)မိုင် စစ်ဆေးရေး ဂိတ်တွင်  သတင်းအရ ယာဉ်အဝင်/အထွက် ၊ လူများအား စစ်ဆေးနေစဉ်  မောင်တောမြို့ဘက်မှ ဘူးသီးတောင်ဘက်သို့မောင်းနှင်းလာသော  မောင်စိန်လှ(ကျား)မောင်းနှင်းလာသည့် TVS  အမျိုးအစား (နံပါတ်မပါ) နီ/ နက် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနက်ရောင် အတွင်းခံဘောင်းဘီ အတွင်း အဖြူ ရောင် ပလက်စတစ်အိတ်ဖြင့် ထုတ်လျက် အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆ ရသည့် WY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေး ပြား (၁၉၀)ပြားစီပါ (၃)ထုတ် စုစုပေါင်းဆေးပြား (၅၇၀)ပြား အလေးချိန်(၅၁.၃)ဂရမ်ခန့် အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ နှင့် အတူ  လက်ဝယ်တွေ့ရှိ  မောင်စိန်လှ (ဘ)ဦးမောင်သန်းအေး ၊ အသက် ၃၁ နှစ်၊ မီးစက်မောင်း ၊ ဘူးသီးတောင်ဆေးရုံဝင်း၊ ဘူးသီးတောင်မြို နေသူနှင့် မူးယစ်ဆေးဝါးများ ရောင်းချပေးသူ  အာတာအူလ္လာ(ကျား) (ဘ) ရှော်ဆိရ်အာမတ် ၊ အသက်(၂၂)နှစ် ၊ လသာရပ်ကွက်၊ မောင်တောမြို့နေသူ (ဖမ်းမမိသေး)တို့(၂)ဦးအား မြို့မရဲစခန်းတွင်  မယ(ပ)၁၉/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး  စီစဉ်ဆောင်ရွက် လျှက်ရှိပြီး ဆက်စပ် တရားခံအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)