လက်ပံတန်း မြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်း မြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ





MNP - မေ    ၁

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၁၅၈)၊ ဦးပိုင်အမှတ်(၇၁/၄) တောင်သူဦးတင်ဝင်း၏ နွေစပါးစိုက်ပျိုးလယ်မြေ စပါးစံပြကွက်တွင် ကျင်းပခဲ့သည်။

ထို့နောက် ဂွေးတောက်ကွင်းကျေးရွာအုပ်စု တောင်သူဦးတင်ဝင်း၏ GW-11 မျိုးစပါးစံပြကွက် ၅ ဧက စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း ၁၈၁ ဒဿမ ၈၄ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းအောင်ဆန်း၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး တင်ဦးနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)