MNP - မေ ၁
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် ကျောက်ဆည်မြို့နယ်အတွင်းရှိ သမဝါ ယမအသင်းစုလုပ်ငန်းများ အောင်မြင်စေရေးအတွက် ယမန်နေ့ညနေ (၂) နာရီခွဲက မြိုနယ်သမဝါယမအသင်းစုလီမိတက်ပိုင် ငွေဇင်ယော် အဆင့်မြင့်ဧည့်ရိပ်သာသို့ ရောက်ရှိပြီး အမှုဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အသင်းစုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်နှင့် မြို့နယ်သမ ဝါယမ အသင်းစုလီမိတက်ဒါရိုက်တာဥက္ကဌ ဦးကျော်သန်းတို့က အသင်းစုလီမိတက်ပိုင် အဆင့်မြင့်ငွေဇင်ယော်ဧည့်ရိပ်သာတွင် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများနှင့် ဧည့်သည်ဝင်ရောက်မှုဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပြီး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက တောင်နောက်ကျေးရွာအနီးရှိ မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင် ငါးမွေးကန်အား ကွင်းဆင်း ကြည်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံသမဝါယမအသင်းပေါင်း(၁၈၀)ကျော်နှင့် မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်း(၁) သင်းရှိပြီး ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ အသေးစားအရင်း အနှီးချေးငွေလုပ်ငန်းများ၊ စိုက်ပျိုးရေးဆေးပစ္စည်းများ ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် ဒေသထွက်ဆန်ဝယ်ယူရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment