MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက်(၉)နာရီချိန်က (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးကျော်သူဇော်နှင့်အဖွဲ့ဝင်တို့က သွေးအလှူရှင်(၃၀)ဦးတို့အားလိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်ရဲမေများ စုစုပေါင်းလူဦးရေ (၃၀)ဦးတို့က ပြည်သူ့ဆေးရုံကြီးရှိလူနာများအတွက်စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့်၎င်းသွေးအလှူရှင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကွေကာအုပ်(၁၀)ထုတ်၊ ဓါတ်ဆား(၅)ထုတ်၊ခေါက်ဆွဲခြောက်(၅)ထုတ်၊ SPEEDအချိုရည်(၃)ပုလင်းစီအား အာဟာရပြည့်စေရေးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost






No comments:
Post a Comment