(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို‌ ဂုဏ်ပြု‌သောအားဖြင့် သောက်သုံးရေလှူဒါန်းမှုပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို‌ ဂုဏ်ပြု‌သောအားဖြင့် သောက်သုံးရေလှူဒါန်းမှုပြုလုပ်






MNP ၊ မေ  ၁

သထုံခရိုင်၊ပေါင်မြို့နယ်၌ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်သာက်သုံးရေလှူဒါန်းမှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရေလှူဒါန်းရာတွင် သထုံခရိုင်မီးသတ်ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကျင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှုး ဦးမြတ်ကိုကို နှင့် တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖတို့က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလှပ်ကျေးရွာအုပ်စုရှိ ရွာသစ်၊ဇီးကုန်း၊ဆယ်အိမ်စု၊ခင်တန်း၊အလှပ်အနောက်၊အလှပ်တောင်၊အလှပ်မြောက် ၊သပြေကုန်းကျေးရွာအုပ်စု ကားတဲ ကျေးရွာတို့တွင် မီးသတ်ယာဉ် (၉)စီးဖြင့် ရေဂါလံ (၁၀၄၀၀)ကိုလည်းကောင်း၊ဘုန်းတော်ကြီး(၅)ကျောင်းအား လီတာ(၂၀)ဗူး အလုံး(၁၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့သည်။

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ စီမံဦးဆောင်မှုဖြင့် ပေါင်မြို့နယ်အတွင်း မီးသတ်ဦးစီးဌာနမှ အပတ်စဉ် နွေရာသီ သောက်သုံးရေပေးဝေမှု ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိသည်။

သထုံခရိုင်၊ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာအချို့တို့ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် အများသုံး ရေကန်များအတွင်း လိုက်လံ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များသို့ သွားရောက်ကာ ရေဖြန့်ဖြူးပေးခြင်း စသည့်  ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လိုက်လံ ဆောင်ရွက်ပေးနေလျှက်ရှိပြီး ထိုသို့လှူဒါန်းပေးခြင်းကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)