သံတွဲခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ( ၇၆ )နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစုပေါင်း သွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ( ၇၆ )နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစုပေါင်း သွေးလှူဒါန်း






                     

MNP ၊ မေ ၁

( ၇၆ )နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီက သံတွဲခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပပြုလုပ်သည်။

ထိုသို့သွေးလှူဒါန်းရာတွင်သံတွဲခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍အေသွေး(၃)လုံး၊ဘီသွေး(၅)လုံး ၊ အိုသွေး(၅)လုံးစုစုပေါးသွေး(၁၁)လုံး အား အရေးပေါ်သွေးလိုအပ်သောလူနာများ သန့်ရှင်းလတ်ဆတ်သော သွေးဖြင့် ကျန်းမာရေးကောင်းမွန်အောင်ကုသနိုင်ရေးအတွက် စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ သံတွဲခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူရဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးနေလင်းကျော်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းနေသော တပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး အားဖြည့်အစားအစာများအား ပေးအပ်လှူဒါန်းခဲ့သည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)