ရသေ့တောင် ၊ မေ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအားလုံး၌ ယနေ့၊ နံနက် (၁၀)နာရီကစတင်၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများ အလိုက် ကျောင်းအုပ်ကြီးများနှင့်အတန်းပိုင်ဆရာ၊ ဆရာမတို့က ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်လက်ခံလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့်ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊ ဘောပန်များကို(အခမဲ့)ထုတ်ပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ်တွင်အထက(၁၁) ကျောင်း၊ အထက(ခွဲ)(၁၂)ကျောင်း၊ အလက(၂၂)ကျောင်း၊ အလက(ခွဲ)(၂၉)ကျောင်း၊ မူလွန်(၄၅)ကျောင်း၊ အမက(၆၃)ကျောင်း၊ အမက(ခွဲ)(၁၂)ကျောင်း စုစုပေါင်း(၁၉၄)ကျောင်းတို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ၊ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment