MNP ၊ မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံ ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
အမ်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၂၁၈)ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက် ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို(အခမဲ့) ထုတ်ပေး လျက်ရှိသည်။
အမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(၂၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၂၈) ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၅)ကျောင်း၊ အမက(၆၅)ကျောင်း၊ အမက(ခွဲ)(၄၁)ကျောင်း အခြေခံပညာကျောင်းပေါင်း(၂၁၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း၊ ကိုယ် ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းတို့၌ မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများအား လုံးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment