တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်လှစ်

 



MNP - မေ   ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင် သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦးမှ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်မှ ကျေးလက်ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိပြီး ဆင်းရဲမှုလျော့ချစေရန်၊ ကျေးလက်ဒေသလူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းကို ဆက်လက်ပို့ချကာ နည်ပြဆရာမ ဒေါ်သက်သက်မှ မျက်နှာသစ်နည်း၊ မျက်ခုံးမွှေးပုံစံရိတ်သိမ်းနည်း၊ ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းနည်း၊ ပေါင်ဒါမျိုးစုံအသုံးပြုနည်း၊ ကာလာစုံခြယ်နည်း၊ နှုတ်ခမ်းနီပုံဖော်နည်း၊ ဆံပင်ပုံစံရွေးချယ်နည်း၊ အဆင့်ဆင့် ဆံပင်ပုံစံ အလှပြုပြင်နည်းများကို မေလ(၁၆)ရက်နေ့မှ (၂၅) ရက်နေ့ထိ သင်တန်းသူ(၁၀)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)