မှန်ကန်သည့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှန်ကန်သည့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


MNP ၊ မေ ၄

ယမန်နေ့က မြန်မာနိုင်ငံသတင်းစာကောင်စီက ကျင်းပသော (၂၉)နှစ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက video message ပေးပို့၍ အမှာစကားပြောကြားရာတွင် မှန်ကန်သည့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက်ကြရန် ပြောကြားလိုက်သည်။

ပြည်ထောင်စုဝန်ကြီးက "သတင်းလွတ်လပ်ခွင့်ဟု ဆိုရာတွင် နည်းမှန်လမ်းမှန်နှင့် အခြေခံလူ့အခွင့်အရေးများကို အလွဲသုံးမှုမပြုဘဲ မှန်ကန်သည့် မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ယင်းတာဝန်သည် စာနယ်ဇင်းလောကသားများ၏ တာဝန်ပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချု်ရေးကောင်စီအနေဖြင့် လွတ်လပ်သည့်ပုဂ္ဂလိက မီဒီယာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍသည် အမြဲအရေးကြီးသည် ဆိုခြင်းကို ခြွင်းချက်မရှိ အလေးအမြတ်ပြုပြီးဖြစ်ကြောင်း" ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာအသီးသီးမှ စာနယ်ဇင်း ဆရာ/ ဆရာမများ အားလုံး မီဒီယာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအားလုံး ကျန်းမာရွှင်လန်းပြီး မီဒီယာလုပ်ငန်းများကို ဆတက်ထမ်းပိုး ဆောင်ရွက်ရင်း တည်ဆဲဥပဒေနှင့်အညီ စတုတ္ထမဏ္ဍိုင်ပီသသည့် စာနယ်ဇင်းသမားကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာနယ်ဇင်းသမားတို့က မိမိတို့၏အခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)