သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်






MNP - မေ   ၃၀


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ယမန်နေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစု‌ပေါင်းတစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ငါးမျိုးစိုက်ထည့်ရာတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဦးမင်းမင်းနှင့်ဝန်ထမ်းများ၊ ငါးလုပ်ငန်းစခန်း (သထုံ)မှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သားများက ငါးသားဖောက်စခန်း(သထုံ)မှထုတ်လုပ်သည့် နှစ်လက်မနှင့်အထက်အရွယ်အစားရှိ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်းတစ်မျိုးလျှင် ကောင်ရး (၅၀၀၀၀)စီ၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)ကို ဒုံသမိမြစ်အတွင်းသို့ စုပေါင်းမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)