သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ











MNP ၊ မေ  ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို မေလ ၃၀ ရက်၊ နံနက် ၉ နာရီခန့်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နဝဒေး ခန်းမ၌ ကျင်းပရာ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး‌ အောင်အောင်ဟိန်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်းက “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ယခုနှစ် ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးအမှာစကား ပြောကြားသည်။


ယင်းနောက် သထုံခရိုင်ပညာရေးမှူး ဦးခဲမိုင်းက လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်အရ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အခမဲ့ပညာရေးစနစ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်က သထုံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သထုံတပ်နယ်မှူး၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။


သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်းရှိပြီး မေလ ၂၆ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၃၂၀၀၀ ကျော် လာရောက်ကျောင်းအပ်နှံပြီးကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)