ဒေါ့ဖုန်းယန်မြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ့ဖုန်းယန်မြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းကျင်းပ




MNP - မေ   ၂၉


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေသြဇာသုံးစွဲခြင်းကိုလျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချစေရန် သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းကို တောင်သူများလေ့လာသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမိုးတင်နှင့်ဝန်ထမ်းများသည် ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာ၊ ကွင်းအမှတ်(၁၇၉)၊ ဦးပိုင်အမှတ်(၄၃)၊ (၅)ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်မှုကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးရုံးမှ သိရှိရသည်။


သတင်း - သန်းနိုင်စိုး


မြန်မာနေရှင်နယ်ပို့စ်                                                                                                        

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)