သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

 




MNP - မေ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေစင်ခန်းမတွင်ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် သိန္နီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတ၊ အတတ်ပညာ၊ ကာယဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာရေး၊ ကလေးငယ်များသည် မွေးဖွားလာသည့်အရွယ်မှစ၍ ပညာသင်ကြားခွင့် အခွင့်အရေးများရှိပါ ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေးကို ဆရာ၊မိဘ ဝိုင်းဝန်း ပူးပေါင်းဆောင်းရွက်ကြမည်ဖြစ်ပါကြောင်း” ပြောကြားသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ ဗိုလ်မှူး အောင်မြတ်ကျော်၊ ဗိုလ်မှူး မင်းမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကိုကိုနှင့် ဗိုလ်ကြီး ကျော်စွာမြင့်တို့က ကျောင်းသုံးစာအုပ်များနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ရာ မြို့နယ် ပညာရေးမှူး ဒေါ်သူဇာအေးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းသားသီချင်း၊ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျေိာ်ဖြေခဲ့ကြကြောင်း သိရသည်။


သတင်း - စောဥမ္မာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)