၂၀၂၂ ခုနှစ်၊ ကွတ်ခိုင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ကွတ်ခိုင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်

 



MNP - မေ   ၃၀


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာစည် ဘုန်းကြီးကျောင်းဝန်း၌  မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်သက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးဟိန်းတို့က ပျိုးပင်များကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြသည်။    


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ပြည်သူများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ထိုကဲ့သို့ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသရာသီဥတု မျှတကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုး‌ပြေရေး၊ ရာသီဥတု ကောင်းမွန်စေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတွင် ဆူးထင်းရှူး၊ သစ်လှပင်၊ ထောပတ်ပင်နှင့်ချယ်ရီပင် စုစုပေါင်း (၂၅၀)ပင် တို့အားစိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။


သတင်း - ဌေးဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)