အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင်(Ph.D) ဒေါက်တာဘွဲ့ နိုင်ငံတော်အစိုးရမှ မဟာသဒ္ဒမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ(Y.M.B.A) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ အရိယဝံသအား ဂုဏဝသိဋ္ဌပူဇာပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင်(Ph.D) ဒေါက်တာဘွဲ့ နိုင်ငံတော်အစိုးရမှ မဟာသဒ္ဒမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ(Y.M.B.A) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ အရိယဝံသအား ဂုဏဝသိဋ္ဌပူဇာပွဲတော်ကျင်းပ















MNP ၊  မေ   ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်ဦးစီးပဓာန နာယက အိန္ဒိယနိုင်ငံမှ ဂုဏ်ထူး ဆောင်(Ph.D)ဒေါက်တာဘွဲ့၊ နိုင်ငံတော်အစိုးရမှ မဟာသဒ္ဒမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ မင်္ဂလ ဓမ္မဇောတိကဓဇ(Y.M.B.A)ဘွဲ့တံဆိပ်တော်ရ ဒေါက်တာ အရိယဝံသအား ဂုဏဝသိဋ္ဌပူဇာပွဲတော်ကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပ သည်။

ရှေးဦးစွာ အပူဇော်ခံဆရာတော်အား ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်၊ မဟာညောင် ကုန်းတိုက်၊ ကေလာရုံကျောင်းမှ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ အရှင်ခေမိန္ဒက ဂုဏဝသိဋ္ဌပူဇာ မင်္ဂလာ နိမန္တနဂါထာဖြင့် ပင့်လျောက်ပြီး အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ဓမ္မာစရိယ၊ MA, BA အရှင် ပညာသာမိက ဂုဏဝသိဋ္ဌပူဇာဝိဝဋဂါထာဖြင့်အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းရွတ် ဖတ်ချီးမြှင့်ပေး သည်။ ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ မင်းပြားမြို့၊ တက္ကသီလမြို့မမြောက်ကျောင်း ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဃောသိတာရမ္ဘဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များ က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်အရှင် သူမြတ်များက မေတ္တာသုတ် ပရိတ်တရာတော်ရွတ်ပွားချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ပြည်နယ် လူမှုရေးရာ ဝန်ကြီးက ဂုဏ်ယူဝမ်းမြောက် ဗဟုဇနဟိတာဝဟဂုဏ်စသည်တို့ကို လျောက်ထားပြီး ရန်ကုန်တိုင်း ဒေသကြီး အောင်မြေဗောဓိဓမ္မရိပ်သာ၊ အလိုတော်ပြည့်ကျောင်းတိုက်မှ သာသနဓဇဓမ္မာ စရိယ၊ အရှင်သီဟသေနက ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသ၏ ထေရုပ္ပတ္တိအကျဉ်းကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ဆက်ကပ်သော ဂုဏ်ထူးဆောင်(Ph.D)ဒေါက်တာဘွဲ့လက်မှတ်၊ (Ph.D)ဒေါက်တာ ဆုတံဆိပ်၊ ထပ်ဆင့် ဂုဏဝသိဋ္ဌပူဇာလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တပည့်ဒါယိကာ၊ ဒါယိကာမများက ဂါထာ၊ ရတု၊ ဓမ္မတေးများဖြင့် ရွတ်ဖတ်ပူဇော်သီဆိုကြသည်။ 

ဆက်လက်၍ ဂုဏဝသိဋ္ဌပူဇာပွဲတော် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလှူရှင်များမှ လှူဒါန်းငွေများ အား တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး အပူဇော်ခံ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသ ရွှေစေတီဆရာတော်က သမ္မောဒနီယဩဝါဒကထာ ချီးမြှင့်ပေးသည်။ ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ကြွရောက်တော်မူကြ သော ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)