ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ခိုလမ်မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ခိုလမ်မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး





MNP - မေ   ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ် ဝေပရဟိတသာသနာပြု ကျောင်းတိုက်(ခိုလမ်)တွင် တည်ဆောက်နေမှုကိုကြည့်ရှုကြပြီး ခိုလမ်အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း (ဝမ်ဖွီး) ကျောင်းတို့တွင် မကြာမီကျောင်းများ ပြန်လည်ဖွင့်တော့မည်ဖြစ်၍ စာသင်ကျောင်းများ ဥပဓိကောင်းမွန်ရေး သန့်ရှင်းသာယာလှပရေးတို့အတွက် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူ့များမှ သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကွန်ဟိန်း မြို့နယ်ရှိဆိုင်မွန်(ပလောင်)ကျေးရွာသို့ သွားရောက်ကာ ဆိုင်မွန်ရှိဘုန်းတော်ကြီး ကျောင်းဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့်နဝကမအလှူငွေများ လှူဒါန်းပေးကြပြီး ကျေးလက်ဒေသဦးစီးဌာနမှ လွယ်ဆိုင်းကျေးရွာရေထွက်မှ ဆိုင်းမွန်ကျေးရွာသို့ ရေပိုက်လိုင်းသွယ်တန်းမည့် လမ်းကြောင်းပြမြေပုံဖြင့် ပြည်နယ်ကျေးလက်ဒေသဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားဆောင်ရွက်ပေးနေမှုကို ကြည့်ရှု၍ ဒေသခံပြည်သူများအား ပြုလုပ်ရှိပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆိုင်မွန်(ပလောင်) ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်ရာ ကျေးရွာတာဝန်ရှိတစ်ဦးမှ လက်ခံရယူပြီး ကုန်းပါကျေးရွာရေရရှိရေးအတွက် ကွင်းဆင်းကြည့်ရူ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန နမ့်စန်မြို့နယ်ဦးစီးမှူးရုံးမှ EXCel Format ဖြင့် နိုင်-၄ မှတ်တမ်းရိုက်သွင်းခြင်းနှင့် Software အတွင်း စိစစ်ရေးသွင်းလုပ်နှင့်ပတ်သက်၍ လွိုင်လင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးမှ ရှင်းလင်း၍ လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ မြကန်သာ ပတ်လမ်းအပိုင်း(၁) ကွန်ကရစ်ခင်းခြင်းကို မင်းနိုင်ခန့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးမှုကို ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းခြင်းနှင့် မြကန်သာရေကန်နှင့် ကွတ်ချိုးရေထွက်၏ ရေဝေရေလဲဧရိယာ (၃၅၄)ဧက တည်နေရာမြေပုံဖြင့် ရေဝေရေလဲဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြရာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက်မှာကြား၍ မြကန်သာပန်းခြံအတွင်း လှည့်လည်ကြည့်ရူစစ်ဆေးကာ  ပင်လုံမြို့ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)၊ ပင်လုံတက္ကသိုလ်သို့ သွားရောက်ပြီး မကြာမည်ကာလတွင် ကျောင်းများပြန်လည်ဖွင့်တာ့မည်ဖြစ်၍ ကျောင်းအတွင်းအပြင် သန့်ရှင်းရေးနှင့် သာယာလှပရေး ကျောင်းသား/သူများ အချန်မီစာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများ ကြည့်ရှုစစ်ဆေးခြင်းနှင့် လူ(၁၂၀၀) ဆံ့၊ ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသောကုမ္ပဏီအား ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦကို သတ်မှတ်ထားသည့် စံချ်န်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကို ကြိုးစားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြား၍ အဆောက်အဦကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)