မိုင်းယောင်းမြို့ ဝမ်တွီကျေးရွာဘုန်းကြီးကျောင်း၌ သိမ်တော်ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းမြို့ ဝမ်တွီကျေးရွာဘုန်းကြီးကျောင်း၌ သိမ်တော်ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ





MNP - မေ  ၁၂


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်တွီကျေးရွာဘုန်းကြီးကျောင်း၌ သိမ်တော်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။


ပန္နက်တော်တင် အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။


ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များက ပန္နက်တော်ဌာနတွင် အသီးသီးနေရာယူတော်မူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်ကြသည်။


အခမ်းအနားသို့ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့် ဝမ်တွီကျေးရွာတာဝန်ခံ စီမံအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)