တန့်ယန်းမြို့နယ်တွင် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ






MNP - မေ   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခင်နှစ် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ ခွဲက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အတွင်း ကျင်းပသည်။


အဆိုပါ အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားတွင် ၂၀၂၁-ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ၌ တန့်ယန်းစာဖြေဌာနမှ အောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် (၂၈)ပါးနှင့် သီလရှင် (၂၃)ပါး စုစုပေါင်း (၅၁)ပါးတို့အား မြို့နယ်မှတာဝန်ရှိသူအသီးသီးတို့က အောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆက်ကပ်ခဲ့ကြောင်း သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)