မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်း စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်း စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 




MNP - မေ   ၃၀


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဇွန် ၂ ရက် နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရေးအတွက် အခြေခံ ပညာကျောင်းများမှ စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။


မင်းလှမြို့နယ်၌   မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအား ကျောင်းစတင်အပ်နှံခြင်း လက်ခံဆောင်ရွက်လျက်ရှိရာ ဇွန် ၂ ရက်နေ့တွင်‌‌‌‌‌‌ အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကျောင်းများရှိ စာသင်ခုံများ/ထိုင်ခုံများကို ရေ/ဆပ်ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ခြင်း၊ စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျစီပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင်ဦးစန်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ မုဒိတာလူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။


မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ စာသင်ခုံများ/ထိုင်ခုံများကို ရေ/ဆပ်ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ခြင်း၊ စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျစီပေးခြင်းများကို မေ ၂၉ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)