ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်

 


MNP - မေ   ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm၊ Covishield၊ MyanCopharm ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့က ရောက်ရှိသည်။


တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အရေအတွက် (၁၃၃၉၃)လုံး၊ Covishieid အရေအတွက် (၂၃၁၄)လုံး၊ MyanCopharm အရေအတွက် (၂၆၂၀)လုံးနှင့်ဆေးထိုးအပ်များကျိုင်းတုံမြို့သို့ရောက်ရှိရာရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဒုတိယပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။


အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကာကွယ်ဆေး လူဦးရေ( ၆၆၉၆၅ )ဦးစာ၊ Covishieldကာကွယ်ဆေးလူဦးရေ(၂၅၄၅၄)ဦးစာ၊ MyanCopharm ကာကွယ်ဆေးလူဦးရေ(၁၃၁၀၀)ဦးစာအတွက် ရှမ်းပြည်နယ် အ‌ရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)