ကျိုင်းတုံမြို့၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကားရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေးသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကားရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေးသင်တန်းဖွင့်

 




MNP - မေ   ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကား ရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲကို မေ ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့(ရုံးခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာနီက ကလေးလုပ်သားဆိုင်ရာစစ်တမ်း(၂၀၂၂)ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လုပ်ကိုင်လျက်ရှိသော အစားအစာထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ၊ လက်လီ/လက်ကား ရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းလုပ်ငန်းကဏ္ဍများရှိ လုပ်ငန်းပေါင်း (၂၀၄)ခု အား စစ်တမ်းကောက်ယူနိုင်ရေး ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၉)မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁ ဦးတက်ရောက်ပြီး မေလ ၃၀ ရက်မှ ၃၁ ရက်အထိ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)နေပြည်တော်မှ Online စနစ်ဖြင့် သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)