ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် နေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် နေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း



MNP - မေ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ  ရန်ပုံနှစ်ကျေးရွာ၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း နေကြာစိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။


နေကြာစိုက်ရာတွင် ပက်ကျဲစနစ်၊ အတန်းချစနစ် အမျိုးမျိုးစိုက်ပျိုးကြသော်လည်း အတန်းချစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက ပင်ကြားတန်းကြား(၁၅)လက်မခန့်အကွာ စိုက်ပျိုးပါကအပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းကောင်းမွန်ကြောင်း၊ နေကြာ(၁)ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့်ရာသီဥတုအပေါ် မူတည်ပြီး တစ်ဧက(၁၅)တင်းမှ(၂၅)တင်းကျော်ထွက်ရှိကြောင်းနှင့် "ယခင်နှစ်က နေကြာ(၁)ဧက(၁၈)တင်းထွက်ရှိပြီး တစ်တင်း(၂၁၀၀၀)ကျပ် ရောင်းရကြောင်းနှင့် ဆီအဖြစ်ကြိတ်ခွဲရောင်းချမည်ဆိုပါက (၂)ပိသာခွဲ၊(၃)ပိသာရပြီး ဆီတစ်ပိသာ(၉၇၀၀)ကျပ် ရောင်းရကြောင်း" ရန်ပုံနှစ်ကျေးရွာမှ နေကြာ စိုက်တောင်သူ ဦးတင်ထွန်းကပြောပြသည်။


ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၆၄၇) ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စု များတွင် (၃၇၆)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၄၄၅)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာများတွင် (၁၈၁)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၁၈၃၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် (၂၆၂)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ်ကျေးရွာအုပ်စုများတွင် (၆၀၈)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျား ကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင် (၄၄၆)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ ကင်း၊ တောင်တော်ကျေးရွာအုပ်စုများတွင်(၈၁၉)ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်ထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)