MNP - မေ ၂
(၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံးတွင် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပိုစတာ စိုက်ထူပွဲ၊ စုပေါင်းသန်းရှင်းရေး နှင့်သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်မီးသတ်ဦးစီး ဌာနမှူးရုံးတွင် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပိုစတာ စိုက်ထူခဲ့ကာ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်၊၊
ထို့နောက် ကျိုက်သလ္လံစေတီတော်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် ကြည်ညိုနိုင်ရန် ရင်ပြင်တော်သန့်ရှင်းရေးနှင့် ဘုရားပန်းကပ်လှူပူဇော်ခြင်းကို သန္ဓေမီးသတ် တပ်ဖွဲ့ဝင်နှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် အင်အား (၁၀၀) တို့က ဆောင်ရွက်ပေးခဲ့ပြီး အမှတ်(၅) တပ်မတော်ဆေးရုံ ခုတင်(၃၀၀)တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် အင်အား (၅၀) ခန့်က စုပေါင်းသွေးလှူဒါန်းနေမှုအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနမှူး တို့ကသွေးလှူဒါန်း နေမှုအား ကြည့်ရှူ့ အားပေးစကားများပြောကြားကာ ဖြည့်စွက်အစားအစာ များ ပေးအပ်ခဲ့သည်၊၊
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန သည်မီးသတ်တပ်ဖွဲ့ဝင်၏ ပရဟိတစိတ်ကို အခြေခံသည့် လုပ်ငန်းဆောင်တာများ အသွင်သဏ္ဌာန်ပိုင်းတွင်သာမက အနှစ်သာရပိုင်းတွင်ပါ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်ရန် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment