MNP - မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျောက်ဖူးစံပြကျေးရွာရှိ ဇိနမာန်အောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီး တော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေအနေကဇာတင် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံက် (၉.၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလှူရှင်နှင့် ဧည့်ပရိသတ်များကို သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တပညာသာရ(၁၀၅နှစ်)မှ ငါးပါးသီလချီးမြှင့်၍ အလှူရှင် များမှ ထီးတော်ကြီးအတွက် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ ဆရာတော် ကြီးမှ ရေစက် သွန်းချတရားဟောကြားပြီး အမျှဝေသာဓု အနုမောဒနာ ခေါ်ဆိုကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို အမှတ်(၉)ကာကွယ်ရေး ပစ္စည်းစက်ရုံ(စက်ရုံမှူး) ဗိုလ်မှူးကြီး တင်မောင်ချိုနှင့် တပ်မိသားစုများ၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့များ၊ နေလသစ္စာကုမ္မဏီမှ ကိုပေါက်နှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment