ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်မည်




MNP ၊ မေ ၁၀

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေ ၁၂ ရက်မှ စတင်၍ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာ ကျောင်းတက်နိုင်ရေးအတွက် ပံ့ပိုးစောင့်ရှောက်ပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများသန့်ရှင်းသပ်ရပ်ရေး၊ ရေ၊ မီး၊ အင်တာနက် ဝိုင်ဖိုင်ပြည့်စုံရေး၊ စားသောက်ရေး၊ အဆောင်နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် မေ ၁၂ ရက်မှ စတင်၍ စာသင်ကြားကြရမည်ဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ်များကိုယ်တိုင် ဒုတိယပါမောက္ခချုပ်များနှင့်အတူ စာသင်ခန်းများကို နေ့စဉ်လှည့်လည် ကြည့်ရှုပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပပေးကြရ မည်ဖြစ်ပါကြောင်း၊ မေ ၂၆ ရက်မှ စတင်သော အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း ပါမောက္ခချုပ်များက ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။


ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ပညာသင်နှစ်အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)