MNP ၊ မေ ၁၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဂတိ လိုက်စားမှုများရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ် ၏ လက်ဝေခံ တိုင်းဖျက်ပြည်ဖျက်အဖွဲ့ဖြစ်သော Open Society Myanmar က ထုတ်ယူသွားသော ငွေကြေးအပေါ် အခွန်ကောက်ခံခဲ့ခြင်းမရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကောက်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် -
၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်ဖြင့် သတင်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်နိုင်ခြင်းမရှိဘဲ Open Society Myanmar-OSM ၏ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ယင်းငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော် နှင့်ညီမျှသည့် မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း၊ SMED ဘဏ်မှ OSM က ထုတ်ယူခဲ့သည့် မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်းအခွန်များဦးစီးဌာန၏ တွက်ချက်မှုအရ ဝင်ငွေခွန်တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော် ကောက်ခံနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့် အခွန်ငွေမကောက်ခံနိုင်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာ ဆုံးရှုံးခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
Open Society Myanmar ဟူသည် ၈၈ ခေါင်းဆောင်ဟုဆိုသော ကိုယ်ကျိုးရှာ နိုင်ငံရေးလုပ်စားသူများဖြစ်ကြသည့် မင်းကိုနိုင်၊ မြအေးတို့ ဦးဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး မဲသူခိုးပါတီ NLD အာဏာလက်မဲ့ဖြစ်သွားချိန်တွင် ပြည်ပမှ ရရှိထားသော အထောက်အပံ့ငွေများဖြင့် လူငယ်များကို သွေးထိုးလှုံ့ဆော်ကာ နိုင်ငံရေးဆူပူမှုမှသည် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်အောင်အထိ ဝါဒဖြန့်လှုံ့ဆော်ခဲ့ကြသူများဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ လိမ်ညာဝါဒဖြန့်လှုံ့ဆော်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်နေဆဲ ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment