MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အထက(ခွဲ)ဈေးတန်း၌ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကျောင်းအပ်နှံရန် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကလေးများ၏ ပညာရေးအနာဂတ်လှပစေရန် မိဘ၊ ဆရာ၊ ကျောင်းသားလက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်သိန်းလှိုင်က ကျောင်းအပ်နှံရေးနေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး၊ မြို့နယ်ပညာရေးမှူးဦးမောင်သိန်းလှိုင်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘော့ပင်များကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment