MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား
ကို ယနေ့ နံနက် ၉ နာရီနာရီက အထက (ခွဲ) ဈေးတန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်သိန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ကျော်နိုင်မှ ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်နှင့်အညီ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ မာန်အောင်မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၁၈ ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာမေလ ၂၉ရက်မှ၃၀ရက်နေ့ ထိ (၂) ရက်ကြာ နေ့စဉ်နံနက်၉နာရီမှညနေ၄နာရီထိ ဆွေးနွေး
သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment