ကျောက်ဆည်မြို့၌ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သည့် တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့၌ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သည့် တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ






MNP - မေ   ၃၀


မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကျန်စစ်သားမင်းကြီးလက်ထက်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၇)နာရီက ရတနာသိမ်ကျောင်းဆရာတော်ဘဒ္ဒန္တကေလာသဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပုဂံခေတ်တိန်လည်အလိုတော်ပြည့်ဘုရားကြီးအား ကန်တော့ပွဲများဆက်ကပ်လှူဒါန်းခဲ့ကာ နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီပရိယတ္တိစာသင်တိုက်ကြီးမှ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများထံမှ ကိုးပါးသီခလခံယူဆောက်တည်ကြသည်။


ထို့နောက် အလှူရှင်ဒကာ၊ဒကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့ကို သံဃာတော်အရှင်သူမြတ်တို့ထံသို့ဆက်ကပ်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကိုပင်ဆောင်ကာ တိန်လယ်အလိုတော်ပြည့်ဘုရားကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ မင်္ဂလာအချိန်တွင်နတ်ပန်းရထားဖြင့် ထီးတော်တင်လှူခြင်းများဆောင်ရွက်ခဲ့ကြပြီး ရွှေမိုး၊ငွေမိုးရွာသွန်းသည့်အနေဖြင့် အလှူရှင်များက ပိုက်ဆံကျဲခြင်းများ ပြုလုပ်ခဲ့ကြသည်။


ထီးတော်တင်လှူပြီးနောက် ဆရာတော်သံဃာတော်များက တိန်လယ်အလိုတော်ပြည့်ဘုရားကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် မင်္ဂလာတင်ခြင်းများပြုလုပ်ခဲ့ကာ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုအစုစုနှင့် ဆွမ်း၊ဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး နိုင်ငံတော်ဩဝါဒါစရိယဧရာဝတီပရိယတ္တိစာသင်တိုက်ကြီးမှ ဦးစီးပဓာနဆရာတော်ဘဒ္ဒန္တပါမောက္ခာဘိဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)