MNP - မေ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သစ်မျိုးစုံပျိုးပင်ပေါင်း ၁၇၄၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း ၂ ထံကသိရသည်။
ပျိုးပင်ပေါင်း ၁၇၄၅၀၀ တွင် (မိုးရာသီ) လူထုဖြန့်ပျိုးပင် ၇၅၀၀၀ နှင့် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးမည့် ပျိုးပင် ၉၉၅၀၀ ဖြစ်ကြောင်းသိရသည်။ (မိုးရာသီ) လူထုဖြန့်ပျိုးပင် ၇၅၀၀၀ ကိုဒေသနှင့် ကိုက်ညီသည့် ကျွန်း၊ ပိတောက်၊ တမာ၊ မယ်ဇလီ၊ မန်ကျည်း၊ ကုလားကုက္ကို၊ မြန်မာကုက္ကို၊ ယူကလစ်၊ စိန်ပန်းကြီး၊ ရေတမာ၊ ဗန်ဒါ၊ ယင်းမာ၊ မန်ဂျန်ရှားနှင့် မာတာကွတ် စသည့်သစ်မျိုးစုံ ၁၄ မျိုးဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး သစ်ပင်စိုက်ပွဲတော်များ၊ ဌာနအလိုက် လမ်းဘေးဝဲယာတအုပ်တမ စိုက်ပျိုးခြင်းများနှင့် တစ်ရွာ ၂ ဧက ကျေးရွာပိုင် ထင်းစိုက်ခင်းများ တွင်လည်း စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးမည့်ပျိုးပင် ၉၉၅၀၀ ကို စီးပွားရေး (ကျွန်း) စိုက်ခင်း ၁၁၀ ဧက၊ စိုက်ခင်းဟောင်းပြုစု ထိန်းသိမ်းခြင်း ၄၀ ဧက၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း ၅၀ ဧက နှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ၁၀၀ ဧကတို့တွင် စိုက်ပျိုးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment