Cash For Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

Cash For Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်



MNP - မေ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်ကျေး/လက်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကျေးရွာများရွေးချယ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးရန်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက စီမံကိန်းရွေးချယ်ရမည့် အခြေခံမူများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work စီမံကိန်းကျေးရွာ (၂) ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) (၁၅) ရွာတို့ကို အခြေခံ စံသတ်မှတ်ချက်များနှင့်အညီ ဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြသည်။

ကျွန်းစုမြို့နယ်တွင် ရာဟုတန်း (စမ်းသစ်) ကျေးရွာနှင့် ရာကျော်သဲတန်းကျေးရွာတို့၌ Cash For Work စီမံကိန်းကိုလည်းကောင်း၊ သန္တာကျွန်း‌ကျေးရွာ၊ တောင်သုံးလုံးကျေးရွာ၊ သင်္ကန်းအော် ကျေးရွာ၊  သဲဖြူကျွန်းကျေးရွာ၊ ရှမ်းဘုံကျေးရွာ၊ ပြင်သာကျေးရွာ၊ တောပြားကျေးရွာ၊ ရေပြည့်အော်ကျေးရွာ၊ ပသုတ်ကျွန်းကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊ အောက်လအဲကျေးရွာ၊ သဲတန်းကြီးကျေးရွာ၊ အညှင်းကျေးရွာ၊ သင်္ကန်းရှောင်ကျေးရွာ၊  ဇယော့ကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၁၅) ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကိုလည်းကောင်း၊ ကျေးရွာ တစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - စည်သူရအောင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)