မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်




MNP ၊ မေ ၁၁

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ တွင်  အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မား လာပြီး စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်သည့်အပြင် ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ မျိုးဆက်သစ်လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး အားကစားပြိုင်ပွဲများအား ကျင်းပလျက် ရှိပါကြောင်း၊ ဘော်လီဘောအားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “ကျေးရွာအဆုံး တပြည်လုံး၊ ဆင်းရဲချမ်းသာ ကစားပါ” ဆိုသည့်အတိုင်း နေရာဒေသ၊ လူမျိုးမရွေး စုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာ ကစားနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အပြင် ညီညာသော အခင်းအပြင်ပေါ်တွင် ပိုက်ခြားထားပြီး စပေးဘောပေးခြင်း၊ လက်ခံဆယ်မခြင်း၊ ပင့်ထောင်ခြင်း၊ ရိုက်ခုတ်ခြင်း၊ ပိတ်ဆို့ ခြင်း၊ ခုခံဆယ်မခြင်း ဟူသည့် အစိတ်အပိုင်း(၆)မျိုးကို အသုံးပြု၍ ကစားရသော ကစားနည်းဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ခေတ်စနစ်နှင့်လျော်ညီသည့် အားကစားနည်းစနစ်များဖြင့် စဉ်ဆက် မပြတ်လေ့လောနေရန်လိုအပ်ကြောင်းနှင့် ပြိုင်ပွဲကို စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင် ယှဉ်ပြိုင်လာကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများမှ အားကစားသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့‌ပြီးနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမပွဲစဉ်အနေဖြင့် မကွေးခရိုင် အမျိုးသားဘော်လီဘောအသင်းနှင့် ပခုက္ကူခရိုင် အမျိုးသားဘော်လီဘောအသင်းတို့မှ ယှဉ်ပြိုင်ခဲ့ကြရာ မကွေးခရိုင်အမျိုးသားဘော်လီဘောအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား /အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမတွင် (၁၀.၅.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ(မကွေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)