ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေတောင်မြို့နယ်ရှိ စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေတောင်မြို့နယ်ရှိ စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP ၊ မေ ၁၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း / ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ရွှေတောင်မြို့နယ် မင်းကွန်းအုပ်စု ရွာလှကျေးရွာ ကွင်းအမှတ် ၄၄၂ A ရှိ စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (၅) ဧကအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့်ပတ်သက်၍  ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နွေစပါး၊ မိုးစပါးများအပြင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မတ်ပဲစိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပေါင်းတည်မြို့နယ်ရှိ မင်းသားကြက်ခြံမှ ဖြန့်ဖြူးပေးလျက်ရှိသည့် တိုင်းရင်းကြက်မျိုးများ မှာယူ၍ တစ်နိုင်တစ်ပိုင် မွေးမြူးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဒေသလိုအပ်ချက်များ မေးမြန်းဆွေးနွေးခဲ့ရာ တောင်သူများမှ လာမည့်နွေစပါး ရာသီကာလတွင် စိုက်ပျိုးနိုင်ရေးအတွက် နတ်မှော် လျှပ်စစ်မြစ်ရေတင်မှ ရေရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူများအား ရေပေးဝေသည့် မြောင်းများ ပြန်လည်ပြုပြင်ရန် လိုအပ်သည့်လုပ်ငန်းပါပမာဏနှင့် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ရွှေတောင်-ရွှေနတ်တောင်သွား ကတ္တရာလမ်း (၄)မိုင်နှင့် စပ်လျဉ်း၍ ပျက်စီးနေမှုများအပေါ် သက်ဆိုင်ရာဌာနမှ ပြုပြင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအား စီစစ်၍ ပြန်လည်တင်ပြ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)