MNP ၊ မေ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြား ရောဂါ များ မဖြစ် ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ NGO အဖွဲ့ များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီက မောင်နီရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွား ရောက်ကာ အဘိတ်ဆေးများခပ် ပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန် သားဖွား ဆရာမများ၊ ကျန်းမာရေးလုပ်သားများ ၊ INGOs ဝန်ထမ်များ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မောင်နီရပ်ကွက် အတွင်းနေ ထိုင်လျက်ရှိသောပြည်သူများ၏ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေ လှောင်ကန်များ၊ ရေစည် များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ ပိုးလောက် လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်းများကို ပြုလုပ်ခဲ့ကြပြီး အဆိုပါ ဆောင်ရွက်ခြင်းအားဆက်လက် ကွင်း ဆင်း ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment