ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

 



MNP - မေ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား Gread-8 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ် များကို အသုံးချပုံများသိရှိစေရန်နှင့် Grade-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန် အတွက်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးဦးစီးဌာန၏ လမ်းညွှန်ဆောင်ရွက်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ Grade-8 သင်တန်းအား ၁၆-၅-၂၀၂၂ မှ ၁၈-၅-၂၀၂၂ အထိလည်းကောင်း၊ Grade-11 သင်တန်းအား ၂၁-၅-၂၀၂၂ မှ ၂၃-၅-၂၀၂၂ အထိလည်းကောင်း၊ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိသင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ ယနေ့ Grade-8 သင်တန်းတွင် ဆရာ၊ ဆရာမ (၅၀) ဦး၊ သင်တန်းနည်းပြ (၉) ဦး ၊ သင်တန်းကြီးကြပ် (၃) ဦး၊ စုစုပေါင်း (၆၂) ဦး၊ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။


သတင်း - မေသန္တာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)