ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး သံကူကွန်ကရစ်တံတား(၁)စင်းတည်ဆောက်ပေးသွားမည်ဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး သံကူကွန်ကရစ်တံတား(၁)စင်းတည်ဆောက်ပေးသွားမည်ဖြစ်

 



MNP -  မေ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊  မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း (၃၅)မိုင် (၃)ဖာလုံနှင့်(၃၆)မိုင်အတွင်း၌ သံကူကွန်ကရစ်တံတားအသစ်(၁)စင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တံတားတည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၈၅၀)ဖြင့် အလျား (၂၀)ပေ၊ အနံ(၂၄)ပေဖြစ်ပြီး တည်ဆောက်ရာတွင် အရည် အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါတံတား တည်ဆောက်ပြီးသွားပါ ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း အသုံးပြုလျက်ရှိသော ပြည်သူများ၏ ဒေသထွက်ကုန်များ လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)