ကြို့ပင်ကောက်မြို့၌ မိုးရာသီအကြို စီးပွားရေး (ကျွန်း) စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြို့ပင်ကောက်မြို့၌ မိုးရာသီအကြို စီးပွားရေး (ကျွန်း) စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုး



MNP - မေ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက၊ သစ်တောဦးစီးဌာန၊ ဘော်ဘင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၂) ရှိ ၁/၂၀၂၂ စီးပွားရေး(ကျွန်း) စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဒေသရာသီဥမျှတ ကောင်းမွန်စေရန်အတွက် ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ၊ ဦးကျော်မိုး (ဦးစီးအရာရှိ) ၊ ဦးဆောင်သော ဝန်ထမ်းများသည် ဘော်ဘင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၂) ရှိ၊ ၁/၂၀၂၂ စီးပွားရေး(ကျွန်း)စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုးကြရာ ကျွန်း ၁၂၀ ပင်၊ ပျဉ်းကတိုး ၃၀ ပင်၊ စုစုပေါင်းပျိုးပင် ၁၅၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ဦးဝင်းထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)