ဝါးခယ်မမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 


MNP - မေ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ပေါ် စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဝါးခယ်မမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၃၃၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၈)ကျောင်း၊ စုစုပေါင်း(၃၄၄)ကျောင်း၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)