MNP - မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်လုံးဆိုင်ရာ ပုညသဟာယ ဆွမ်းလောင်းအသင်း၏ (၅၈၆)ကြိမ်မြောက် သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူမှုကို ယမန်နေ့ နံနက် အရုဏ်တက်အချိန်၌ ကျင်းပပြုလုပ် လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ မြောင်းမြမြို့နယ်လုံးဆိုင်ရာ ပုညသဟာယ အရုဏ်ဆွမ်းလောင်းအသင်းကို ၁၃၇၂ တွင်စတင်ခဲ့ပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၇၆)ကျောင်းမှ သံဃာတော်များအား အပတ်စဉ် တနဂ်နွေနေ့တိုင်း အရုဏ်ဆွမ်းများ စဉ်ဆက်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အပတ်စဉ် (၅၈၆)ကြိမ် လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ မြောင်းမြမြို့နယ်သူ၊ မြို့နယ်သားများမှ အပတ်စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူရှင်များအလှည့်ကျ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
သတင်း - ခင်ရူပါအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment