နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

 


MNP - မေ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းကဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာများ စာအုပ်ပါ "ပျားနှင့်ပန်း"  ခေါင်းစဉ်ဖြင့် ကဗျာရွတ်ခြင်းအစီအစဉ်ကို၏ ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)