MNP ၊ မေ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့မရပ်ကွက်ရှိ သဒ္ဓမ္မမေဒနီမြို့မကျောင်း တိုက်သို့ ဆွမ်းဆန်တော်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဂွမြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း ဦးဆောင်၍ဝန်ထမ်းများက (၂၄)ပြည်ပါဆန်အိပ်(၈)အိတ်နှင့် ဆန်အိတ်ငယ် တစ်အိတ်ကို သဒ္ဓမ္မမေဒနီမြို့မကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ သုစိတ္တဓမ္မထံသို့ဆက်ကပ်လှူဒါန်းကြောင်းသိရှိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment